Ambidextrous people
Ambidextrous ဆိုတာဘာလဲ?
Handedness လို့ခေါ်တဲ့ လက်တစ်ဖက်ကို တခြားလက်တစ်ဖက်ထပ် ပိုသုံးဖြစ်တဲ့ hand preference မှာ ညာသန်တွေက ဘာလုပ်လုပ် ညာဘက်လက်ကိုသုံးတာများပြီး ဘယ်သန်တွေက ဘယ်လက်ကို အသုံးများတဲ့အချိန် Ambidextrous (mixed handedness) ကတော့ နှစ်ဖက်စလုံးကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ကြပါတယ်။
ဘာကြောင့် Ambidextrous ဖြစ်ရတာလဲ?
တိကျတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါ။ ဒါပေမဲ့ ဖြစ်လာရခြင်းရဲ့ သီအိုရီအချို့တော့ ရှိပါတယ်။
ညာသန်ကို ပိုနှစ်သက်ကြတဲ့ထုံးတမ်းဓလေ့
အချို့သော လက်နှစ်ဖက်စလုံးသန်တဲ့သူတွေဟာ ညာလက်ကို ပြောင်းလဲလေ့ကျင့်အသုံးပြုဖို့ အသင်ခံခဲ့ရလို့ ဖြစ်ပါတယ်။ ပစ္စည်းအတော်များများဟာလည်း ညာသန်တွေအတွက်ပဲ ဦးစားပေး ဖန်တီးထားသလို ဖြစ်နေပါတယ်။ ဥပမာ သံဘူးဖွင့်တဲ့ကိရိယာ၊ ကပ်ကြေး၊ keyboard ပေါ်က နံပါတ်အကွက်၊ စားပွဲအံဆွဲ စသည့်ဖြင့်။ ဒါ့ကြောင့် Ambidexterity ဟာ ဘယ်သန်တဲ့သူတွေ ညာသန်တွေအတွက် ပစ္စည်းကို အသုံးပြုရာမှ ပေါ်ပေါက်လာတယ်ဆိုတဲ့ သီအိုရီရှိလာပါတယ်။
ဘယ်ဘက်လက်မှာ နာကျင်နေမှု
နောက်ထပ်ရှင်းလင်းချက်တစ်ခုကတော့ ဘယ်သန်တဲ့သူတစ်ယောက်ဟာ သူ့ရဲ့ ဘယ်လက်ကို ပြင်းထန်တဲ့ ဒဏ်ရာရပြီးတဲ့နောက်ပိုင်း ညာဘက်လက်ကို ကြိုးစားအားထုတ် အသုံးပြုရာမှ Ambidextrous ဖြစ်လာတယ်လို့ ပြောဖွယ်ရာရှိပါတယ်။
မျိုးရိုးဗီဇ
လေ့လာချက်အချို့ရဲ့ အဆိုအရ Ambidexterity နဲ့ဆက်စပ်တဲ့ မျိုးရိုးဗီဇမျိုးကွဲ (၇)မျိုးရှိတယ်လို့ တွေ့ရှိထားပါတယ်။
ဦးနှောက်ရဲ့ ဘယ်ဘက်နဲ့ ညာဘက် ညီညွတ်မှုမရှိခြင်း
ဦးနှောက်ရဲ့ right နဲ့ left hemisphere ဟာ သတင်းအချက်အလက်တွေ မှတ်မိနေခြင်းစတဲ့ အမျိုးမျိုးသော လုပ်ငန်းတွေအတွက် အတူတကွ လုပ်ဆောင်ပါတယ်။ Ambidexterity ဟာ ဦးနှောက်ရဲ့ အခြမ်းနှစ်ခြမ်း ညီညွတ်မှုမရှိတာကြောင့် ဖြစ်လာနိုင်တယ်လို့ ယူဆရပြီး ထပ်မံလေ့လာဖို့တော့ လိုအပ်နေပါသေးတယ်။
Ambidextrous ဖြစ်နေသူတွေများလား?
Ambidextrous အစစ်အမှန်က ရှားပါတယ်။ ခန့်မှန်းချေ လူဦးရေရဲ့ ၁% ခန့်သာရှိပါတယ်။ အမျိုးသားများမှာ ပိုတွေ့ရများပါတယ်။
Ambidextral Vs Ambisinistral
Ambidextral ဆိုတာက ညာသန်တဲ့သူက ညာလက်ကို အသုံးပြုသကဲ့သို့ လက်နှစ်လုံးကို သုံးနိုင်သူဖြစ်ပါတယ်။
Ambisinistral ကတော့ ဘယ်သန်တဲ့သူတစ်ယောက် ဘယ်လက်ကို အသုံးပြုသကဲ့သို့ လက်နှစ်ဖက်လုံးကို သုံးနိုင်သူဖြစ်ပါတယ်။
Ambidextrous ဖြစ်ခြင်းနဲ့ ဖြစ်နိုင်သော စိတ်ကျန်းမာရေးအခြေအနေများ
Attention Deficit Hyperactivity Disorder ADHD
ဦးနှောက်ရဲ့ တစ်ခြမ်းက တချို့သောလုပ်ငန်းတွေကိုသာ အထူးပြုလုပ်ဆောင်ပြီး တခြားအခြမ်းက တခြားလုပ်ငန်းတွေအတွက် အထူးပြုပါတယ်။ ဒါကို Lateralization of brain function လို့ခေါ်ပါတယ်။ နှစ်ဖက်စလုံးသန်တဲ့သူတွေမှာ သမားရိုးကျမဟုတ်တဲ့ ဦးနှောက်ရဲ့ Laterality ရှိနေတတ်ပြီး ကလေးငယ်တွေနဲ့ မြီးကောင်ပေါက်အရွယ်တွေမှာ ADHDနဲ့ သွားချိတ်ဆက်နေတာ တွေ့ရပါတယ်။
စိတ်ကစဉ့်ကလျားဖြစ်ခြင်း
Mixed handedness လူတွေမှာ စိတ်ကစဉ့်ကလျားဖြစ်နိုင်ချေ မြင့်တယ်လို့ လေ့လာချက်အချို့က ဆိုပါတယ်။ Gene VRK2 မျိုးကွဲနဲ့ ဆက်စပ်တဲ့အတွက် Ambidextrous တွေဟာ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ကစဉ့်ကလျားဖြစ်တဲ့ ရောဂါ (schizophrenia ) ဖြစ်နိုင်ချေမြင့်ပါတယ်။
Post traumatic stress disorder
Ambidextrous တွေဟာ ကြောက်မက်ဖွယ်၊ ထိတ်လန့်ဖွယ်ဖြစ်ရပ်တွေကြောင့် ဖြစ်လာရတဲ့ စိတ်ဒဏ်ရာ၊ ခြောက်လန့်မှုတွေကိုလည်း ခံနိုင်ရည်လျော့နည်းတတ်ပါတယ်။ လက်နှစ်ဖက်အသုံးပြုတဲ့အတွက် မူမမှန်တဲ့ ဦးနှောက်ရဲ့ Laterality ကြောင့် PTSD ဆိုတဲ့ စိတ်ရောဂါကို ခံစားရနိုင်ချေ ရှိပါတယ်။
သင်ယူတက်မြောက်မှု အခက်အခဲများ
သမားရိုးကျမဟုတ်တဲ့ brain laterality ကြောင့် စာရေးပုံ ချင့်ချိန်တွက်ဆမှု၊ စကားပြောပြေပြစ်ချောမွေ့မှုနဲ့ အချက်အလက် ပြန်လည်ဆယ်ယူတဲ့နေရာတွေမှာ ခက်ခဲတတ်ပါတယ်။
ရေးသားသူ - Dr. May Myat Tun